လောကီ၊လောကုတ္တ ရာနှစ်ဖြာသော သုခချမ်းသာ
မျိုးကို မိခင်သည်လည်း မပေးနိုင်၊ ဖခင်သည်လည်း
မပေးနိုင်၊ ဆွေမျိုးတို့သည်လည်း မပေးနိုင်။
ကောင်းစွာစောင့်ရှောက်၊ ဆောက်တည်အပ်သော
စိတ်သည်သာလျှင် မိဘ၊ ဆွေမျိုးတို့ထက် ပိုမို၍ လူ၊
နတ်၊ နိဗ္ဗာန် သုံးတန်သော ချမ်းသာကို ပေးစွမ်းနိုင်၏။
(ဓမ္မပဒ - ၄၄)

ခုလည်း စိတ်ညစ် နောင်စိတ်ညစ်
မကောင်းမှု ပြုတဲ့သူဟာ
ဒီဘ၀မှာလည်း
ကိုယ့်မကောင်းကံကို ကိုယ်တွေးပြီး
ဝမ်းနည်းစိတ်ညစ်ရသလို
နောင်ဘ၀မှာလည်း
ကိုယ့်မကောင်းကံရဲ့ အကျိုး
ဆင်းရဲဒုက္ခအမျိုးမျိုးကို
ကိုယ်ခံစားပြီး
ဝမ်းနည်းစိတ်ညစ်ရပါတယ်။
ပစ္စုပ္ပန်ဘ၀မှာပါ
ဝမ်းနည်းစိတ်ညစ်ရတာပါ။
မကောင်းမှုပြုတဲ့သူဟာ
ကိုယ်ပြုထားတဲ့ မကောင်းမှုရဲ့
ညစ်နွမ်းမည်းပေမှုကို မြင်ရတိုင်း
ဝမ်းနည်းပူဆွေးရ၊
စိတ်ပင်ပန်းဆင်းရဲရပါတယ်။


အပြစ်ပြောမှန်ရင် ရွှေအိုးပေးသူ
အမှန်တကယ်မှားယွင်းနေတဲ့
ကိုယ့်ရဲ့ အပြစ်ကို
သဘောထားမှန်မှန်နဲ့
ဝေဖန်ထောက်ပြတတ်သူ၊
လိုအပ်ရင် လိုအပ်သလို
နှိမ့်ချ ပြောဆိုဆုံးမတတ်သူ၊
အပြစ်ထောက်ပြ
နှိပ်ချဆုံးမနိုင်လောက်အောင်လည်း
ပညာအစစ်ဥာဏ်အနှစ်ရှိသူကို
ရွှေအိုးမြှုပ်ထားတဲ့နေရာ
ညွန်ပြလာသူတစ်ယောက်လို
သဘောထားပြီး ဆည်းကပ်ရပါမယ်။
အဲဒီလို ပညာရှိမျိုးကို
ဆည်းကပ်ပေါင်းသင်းတဲ့သူဟာ
မြင့်မြတ်သည်ထက် မြင့်မြတ်
တိုးတက်သည်ထက် တိုးတက်လာနိုင်ပါတယ်။
ဘယ်တော့မှ မယုတ်ညံ့
ဘယ်တော့မှ မဆုတ်ယုတ်နိုင်ပါဘူး။

ဝီရိယရှိမှ အနေမြတ်

အတွေးအတောတွေနဲ့
ငေးမောပျင်းရိပြီး
အချိန်ဖြုန်းနေသူ
ကြိုးစားအားထုတ်မှု
လုံ့လ၀ီရိယမရှိသူရဲ့
နှစ်ပေါင်းတစ်ရာ
အသက်ရှင်ရခြင်းထက်
ခိုင်မြဲတဲ့ လုံ့လ၀ီရိယနဲ့
စိတ်ဇွဲသန်သန်
ကြိုးစားအားထုတ်သူရဲ့
တစ်ရက်တာ
အသက်ရှင်ရခြင်းက
အဆပေါင်းများစွာ
ပိုပြီး မြင့်မြတ်ပါတယ်။

မိတ်ကောင်းကိုသာ ပေါင်းသင်းပါ
မကောင်းမှုအကုသိုလ်နဲ့ပဲ
မွေ့လျော်ပျော်ပိုက်တဲ့
မိတ်ဆွေဖျင်း မိတ်ဆွေညံ့တွေထံ
လုံးဝ မချဉ်းကပ်ပါနဲ့။
မလုပ်သင့်တာတွေလုပ်ဖို့
အတင်းတိုက်တွန်းတတ်တဲ့
မိတ်ဆွေဆိုး မိတ်ဆွေယုတ်တွေကို
လုံးဝ မပေါင်းသင်းပါနဲ့။
ကောင်းမှုကုသိုလ်နဲ့ပဲ
မွေ့လျော်ပျော်ပိုက်တဲ့
မိတ်ဆွေကောင်း မိတ်ဆွေမွန်တွေထံ
အမြဲမပြတ် ချဉ်းကပ်ပါ။
လုပ်သင့်တာတွေလုပ်ဖို့
အတင်းတိုက်တွန်းတတ်တဲ့
မိတ်ဆွေထူး မိတ်ဆွေမြတ်တွေကို
မခွဲမခွာ ပေါင်းသင်းပါ။

အဆုံးအမကြိုက်မှ သူတော်ကောင်း

အကြောင်းကိစ္စ မပေါ်ခင်မှာလည်း
သွန်သင်တတ်ရမယ်။
မျက်မှောက်မှာလည်း
ဆုံးမတတ်ရမယ်။
မျက်ကွယ်ကနေလည်း
သွန်သင်တတ်ရမယ်။
တစ်ကြိမ်တစ်ခါလည်း
ဆုံးမတတ်ရမယ်။
အကြိမ်ကြိမ်အခါခါလည်း
သွန်သင်တတ်ရမယ်။
မကောင်းမှုအကုသိုလ်မလုပ်အောင်လည်း
တားမြစ်တတ်ရမယ်။
ကောင်းမှုကုသိုလ်လုပ်အောင်လည်း
တိုက်တွန်းတတ်ရမယ်။
အဲဒီလို ဆုံးမသွန်သင်တတ်တဲ့သူကို
ပညာရှိသူတော်ကောင်းတွေ
သိပ်ကို ချစ်မြတ်နိုးကြတယ်။
ပညာမဲ့သူ ညံ့ဆိုးတွေကတော့
လုံးဝ သဘောမကျကြဘူးပေါ့။
(အတိုချုပ်)
ဆုံးမတတ်ရမယ်။
သွန်သင်တတ်ရမယ်။
မကောင်းတာမလုပ်အောင်
တားမြစ်တတ်ရမယ်။
ကောင်းတာလုပ်အောင်
တိုက်တွန်းတတ်ရမယ်။
အဲဒီလိုလူကို
သူတော်ကောင်းတွေ
ချစ်တယ်။
သူညံ့ဆိုးတွေ မချစ်ဘူး။

ိုင်ဆိုင်မှုမှန်သမျှ
စွန့်လွှတ်ဖို့ ဝန်မလေးသူ

ထိပါးမှုမှန်သမျှ
ခွင့်လွှတ်ဖို့ အဆင်သင့်ရှိသူ

မှားယွင်းမှုမှန်သမျှ
တွန်းလွှတ်ဖို့ အင်အားပြည့်သူ

အဲဒီလိုလူဟာ
မြတ်စွာဘုရားရှင်နဲ့
အနေဝေးပေမယ့်
အဝေးနေမဟုတ်ပါဘူး။


ရှင်ဆန္ဒာဓိက


လာတုန်းကလဲ တစ်ဟောက်ထဲနော့
လက်တွဲခေါ်ကာ ဖော်မပါဘူး
ဥစ္စာချည်းနှီး ကိုယ်ထီးတည်း

ပြန်သွားတော့လဲ တစ်ယောက်ထဲနော့
လက်တွဲခေါ်ကာ ဖော်မပါဘူး
ဥစ္စာချည်းနှီး ကိုယ်ထီးတည်း
လာပြီးတော့နား
မသွားသေးခင် ချိန်လေးတွင်မှ
ဝန်းကျင်ခက်နွယ် နှောင်ကြိုးတွယ်ကြ
ပြုံးရယ်မဲ့ငို ချစ်မုန်းပိုကြ
မလိုဒေါသ လိုလောဘနှင့်
ဘ၀ရိပ်မြုံ ကကြိုးစုံခဲ့
ကံကုန်မိုးချုပ် လက်တွဲဖြုတ်ကာ
သုတ်သုတ်ဆောလျှင် ခရီးနှင်သည်
အသင်ဧည့်သည်ပါတကား။
(ဗန်းမော်ရွေညို)


၁ ။ စကားများများ ပြောသဖြင့် မမှန်မကန်သော မုသာဝါဒ စကားများပြောမိခြင်း ။
၂ ။ ပိသုဏ၀ါစာ ကုန်းတိုက် ၊ ချောပစ်စကား ပြောဆိုမိခြင်း ။
၃ ။ အကျိုးမဲ့သော သမ္ဗပ္ပလာပ စကားပြောဆိုမိခြင်း ။
၎ ။ ကြမ်းတမ်းယုတ်မာသော ဖရုသ၀ါစာ စကားကိုပြောမိခြင်း ။
၅ ။ သေဆုံးပါက အပါယ်သို့ လားရခြင်း ။

ပြီးဆုံးခဲ့တဲ့ အတိတ်အကြောင်း
ဖြစ်မလာသေးတဲ့ အနာဂတ်အကြောင်းတွေကို
မလိုအပ်ဘဲတွေးတောနေပြီး
စိတ်ပင်ပန်းမနေသင့်ပါဘူး
မသေခင် ကိုယ်တကယ်ပိုင်တဲ့
ပစ္စုပ္ပန်တစ်ခဏလေးမှာပဲ
စိတ်ကိုတည့်တည့်ချထားပြီး
လုပ်သင့်လုပ်ထိုက်တာကို
အကောင်းဆုံးဖြစ်အောင်လုပ်ရပါမယ်။။
ကိလေသာဖြစ်မဲ့ကိစ္စ
အကုသိုလ်ဖြစ်မဲ့ကိစ္စတွေမှာ
တွန့်ဆုတ်တဲ့သူဖြစ်ရပါမယ်။
ကိလေသာစိတ်မဖြစ်ရဲ၊ အကုသိုလ်အလုပ်
မလုပ်ရဲတဲ့သူဟာ သူရဲကောင်းအစစ်ပါ။
“တစ်လောကလုံးမှာ ကိုယ်ပိုင်တာ
ဘာမှမရှိပါလား”ဆိုတဲ့အသိစွဲစွဲမြဲမြဲရှိနေပြီဆိုရင်
ရှိချင်တာမရှိလို့လည်း မပူပန်တော့ပါဘူး
ရှိပြီးတာမရှိလို့လည်းမဆူညံတော့ပါဘူး။။

(…အရှင်ဆန္ဒဓိက)

အကောင်းမြင်ဝါဒနဲ့
ဘ၀ကိုလက်ခံတုံ့ပြန်တာဟာ
သူတော်ကောင်းတွေရဲ့
တရားဓမ္မဖြစ်ပြီး
အဆိုးမြင်ဝါဒနဲ့
ဘ၀ကို
လက်ခံတုံ့ပြန်တာကတော့
သူယုတ်မာတွေရဲ့ 
တရားဓမ္မဖြစ်ပါတယ်။
လက်တွေ့ဘ၀ထဲက
ဘယ်အကြောင်းအရာ၊
ဘယ်အဖြစ်အပျက်မျိုးကို မဆို
ကြည်လင်အေးချမ်းတဲ့စိတ်
(ကုသိုလ်စိတ်)နဲ့ရင်ဆိုင်ရင်
သူတော်ကောင်း တရားဓမ္မကို
လိုက်နာကျင့်သုံးရာ ရောက်သလို
ညစ်နွမ်းပူလောင်တဲ့စိတ်
(အကုသိုလ်စိတ် )နဲ့
တုံ့ပြန်ရင်တော့
သူယုတ်မာ တရားဓမ္မကို
လက်ခံပြုကျင့်ရာ ရောက်ပါတယ်.။

(အရှင်ဆန္ဒဓိက)

"တရားမကြိုက်၊ လျှာစရိုက်နှင့်၊
လူမိုက်တစ်သောင်း၊ချီးမွမ်းရှောင်းလည်း၊
လူကောင်းတစ်ယောက်ပြစ်တင်ကြောက်လော့၊
ရှေ့နောက်မဆ၊လူ့ဗာလတို့၊
ဂုဏဒေါသ၊နှစ်ဝကျိုးပြစ်၊
စီစစ်မြော်မြင်၊မဆင်ခြင်ဘူး၊
ဆိုချင်မက်မော၊ဆိုလျှင်ဇောဖြင့်
သဘောအထိုက်၊ တုတ်နဲ့ရိုက်သို့၊
သူမိုက်ချီးမွမ်းဂုဏ်နာနွမ်း၏။"

(၁) သေက္ခပုဂ္ဂိုလ်ဟုထင်မှတ်ခြင်း။

(၂) ရဟန္တာဟု ထင်မှတ်ခြင်း။

(၃) အရိယာတို့နှင့်တူသောအကျင့်ရှိခြင်း။

(၄) တူသောနေထိုင်ခြင်းရှိခြင်း။

(၅) တူသောက္ကနြေ္ဒရှိခြင်း။

(၆) တူသောဆင်းရဲခြင်းရှိခြင်း။

(၇) တူသောသည်းခံခြင်းရှိခြင်း။

(၈) တစ်ကိုယ်ထီးတည်း အကျင့်ရှိခြင်း။

(၉) တစ်ကိုယ်ထီးတည်း မွေ့လျော်ခြင်း။

(၁၀)တစ်ယောက်ထီးတည်း ကျိန်းအောင်းခြင်း။

(၁၁)မကောင်းမှုမှရှက်ခြင်း။

(၁၂)မကောင်းမူမှလန့်ခြင်း။

(၁၃)သဓမ္မ အကျင့်ကိုအားထုတ်ခြင်း။

(၁၄)ကုသိုလ်၌ မမေ့လျော့ခြင်း။

(၁၅)သုက်လွတ်ခြင်း ကာမမှဖဲကြဉ်ခြင်း။

(၁၆)ပါဠိကိုသင်ယူခြင်း။

(၁ရ)အဋ္ဌကထာသင်ယူခြင်း။

(၁၈)သီလသမာဓိဂုဏ်တို့၌ မွေ့လျော်ခြင်း။

(၁၉)ကင်းသောတပ်မက်မှုရှိခြင်း။

(၂၀)သိက္ခာပုဒ်တော်ကို ဖြည့်ကျင့်ခြင်း။

(၂၁)ဖန်ရည်စွန်းသောသင်္ကန်းကို ဆောင်ခြင်း။

(၂၂)ဦးပြည်း ဦးခေါင်းရှိခြင်း။