လာတုန်းကလဲ တစ်ဟောက်ထဲနော့
လက်တွဲခေါ်ကာ ဖော်မပါဘူး
ဥစ္စာချည်းနှီး ကိုယ်ထီးတည်း

ပြန်သွားတော့လဲ တစ်ယောက်ထဲနော့
လက်တွဲခေါ်ကာ ဖော်မပါဘူး
ဥစ္စာချည်းနှီး ကိုယ်ထီးတည်း
လာပြီးတော့နား
မသွားသေးခင် ချိန်လေးတွင်မှ
ဝန်းကျင်ခက်နွယ် နှောင်ကြိုးတွယ်ကြ
ပြုံးရယ်မဲ့ငို ချစ်မုန်းပိုကြ
မလိုဒေါသ လိုလောဘနှင့်
ဘ၀ရိပ်မြုံ ကကြိုးစုံခဲ့
ကံကုန်မိုးချုပ် လက်တွဲဖြုတ်ကာ
သုတ်သုတ်ဆောလျှင် ခရီးနှင်သည်
အသင်ဧည့်သည်ပါတကား။
(ဗန်းမော်ရွေညို)

0 အကြံပြုရန်: